နှလုံးအမောမဖောက်အောင် ဘယ်လိုကာကွယ်မလဲ
နှလုံးရောဂါဆိုတာ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေထဲမှာသာ လိုချင်တာ ရဖို့ လက်နက်တစ်ခုလို ဖြစ်နေပေမယ့် တကယ့်ဘဝမှာတော့ ခံစားရရင် မသက်သာတာ အမှန်ပါပဲ။ လှုပ်လိုက်တာနဲ့မောတာ၊ ရင်ဘတ်အောင့် အသက်ရှူကျပ်တာ၊ နှလုံးခုန်နှုန်းမမှန်တာ၊ လှဲမရအိပ်မရဖြစ်တာတွေကို ဘယ်သူမှ ခံစားချင်မယ် မထင်ပါဘူး။
ဘယ်လိုလူတွေမှာ အဖြစ်များသလဲ?
- အသက် ၄၅ နှစ်ကျော်တဲ့ ယောက်ျားတွေနဲ့ အသက် ၅၅ နှစ်ကျော်တဲ့ မိန်းမတွေ
- ကိုယ်တိုင် ဆေးလိပ်သောက်တဲ့သူ၊ တဆင့်ခံ ဆေးလိပ်ငွေ့ရှူနေရသူတွေ
- သွေးတိုးရှိသူတွေ
- Low density cholesterol (LDL) လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရောနဲ့ triglycerides လို့ခေါ်တဲ့ သွေးတွင်းအဆီတက်နေတဲ့ သူတွေ (High density cholesterol-HDL လို့ခေါ်တဲ့ ကောင်းတဲ့ ကိုလက်စထရော ပုံမှန်အတွင်းရှိနေရင်တော့ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်)
- အဝလွန်တဲ့သူတွေ
- တစ်ကိုယ်လုံးမဝပေမယ့် central obesity လို့ခေါ်တဲ့ ခါးတုတ်ဗိုက်ပူပြီး ခန္ဓာကိုယ်အလယ်ပိုင်းဝတဲ့သူတွေ
- ဆီးချိုရောဂါရှိသူတွေ
- ကိုယ်လက်လှုပ်ရှားနည်းသူတွေ
- ဆီကြော်တွေ၊ အချိုနဲ့ ရယ်ဒီမိတ်အစားအစာ အစားများသူတွေ
- ဒေါသကြီးပြီး စိတ်ဖိစီးမှုများသူတွေ
- နှလုံးအမောဖောက်ခြင်း မျိုးရိုးရှိသူတွေ စတဲ့လူတွေမှာ အဖြစ်များနိုင်ပါတယ်။
ဒေါမြင့်မြင့်သန်း 21 Feb 2023 |
ကျန်းမာရေးဗဟုတရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်